![](https://homeagehninzigon.org/sites/default/files/styles/large/public/field/image/IMG-1689cd2847ffa2fa66232202d5c59b2f-V_0.jpg?itok=egjYhLWJ)
#မင်္ဂလာဦးဇနီးမောင်နှံ
နန်းခမ်းနောင့် (Chairperson- KBZ Financial Group )(Founder & CEO- KBX Holdings) နှင့် Arno Willemink (Chief Operating Officer- DHAN Co,ltd) တို့၏
အသက်(၁၀၆) နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၁၂၈) ဦး အတွက် ကျပ်သိန်း (၁၀၀၀) မင်္ဂလာဦးအလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်ဆို အပ်ပါသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးသည် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုဘိုးဘွားများအတွက် ခိုလှုံရာနေရာတစ်ခုအဖြစ်သာမကဘဲ ဘိုးဘွားများ၏ စားဝတ်နေရေး၊ ကျန်းမာရေးအပြင် တရားဓမ္မများနှင့် စိတ်နှလုံးအေးချမ်းစွာ ဖြတ်သန်းနိုင်ရန်အတွက် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ အနာဂတ်တွင်လည်း အဘိုး (၈၀) ဦး၊ အဘွား (၁၂၀) ဦး စုစုပေါင်း ဘိုးဘွား (၂၀၀) ဦးကို ပြုစုစောင့်ရှောက်နိုင်ရန် အတွက် စီစဉ်ထားပါသည်။
ယခု ကျပ် သိန်း (၁၀၀၀) မင်္ဂလာဦးအလှူမှ ရေရှည်ကုသိုလ်ပွားနိုင်ရန် ဆွမ်း၊ ဆေး၊ အဆောက်အဦးကဲ့သို့ အထွေထွေပဒေသာပင်များစိုက်ထူနိုင်ခဲ့ရုံသာမက ဘိုးဘွားများအတွက် နေ့စဉ် အစာအာဟာရ၊ ဆေးဝါးနှင့် ဆေးကုသမှုများအပြင် ကျန်းမာရေးဆိုင်ရာအထောက်ကူပြုလုပ်ငန်းများ အတွက်ပါ များစွာသော အထောက်အပံ့တစ်ရပ်ဖြစ်စေပါသည်။
မင်္ဂလာအခမ်းအနားကို ဉာဏ်ပညာဖြင့် ပကာသန မဖက်ဘဲ လိုအပ်သော ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး အစရှိတဲ့ နေရာများကို ထိရောက်စွာ လှူဒါန်းခဲ့သော မင်္ဂလာဇနီးမောင်နှံတို့အတွက် ယခု မင်္ဂလာအလှူသည် လောကီလောကုတ္တရာ အကျိုးနှစ်ဖြာအတွက် ကောင်းကျိုးဖြစ်စေပါကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။