သမိုင်းအကျဉ်း

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွှန်းမြို့နယ်၊ နှင်းဆီကုန်းရပ်ကွက်၌ ၁၉၃၃ ခုနှစ်တွင် မန္တလေးမြို့မှ ပိုးကုန်သည်၊ တိုင်းကျိုးပြည်ကျိုးဆောင် ဘွဲ့ရ ဒေါ်ဦးဇွန်း (ခေါ်) သီလရှင် ဒေါ်သုမာလာ (၁၈၆၈ – ၁၉၄၄) က စတင်တည်ထောင်သည်။ ၁၉၄၃ခုနှစ် တွင်သတိုးသီရိသုဓမ္မဘွဲ့ရမြန်မာ့အလင်းဦးတင် (၁၈၉၇ – ၁၉၇၈) ကရိပ်သာစောင့်ရှောက်ရေးအဖွဲ့ကို ဥက္ကဌအဖြစ်တာဝန်ယူ၍ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်။ ၁၉၅၆ ခုနှစ်တွင်လက်ရှိနေရာဗဟန်းမြို့နယ်၊ အမှတ် (၂၁) ကမ္ဘာအေးဘုရားလမ်းသို့ ပြောင်းရွှေ့လာခဲ့သည်။
 နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးသည် အစိုးရအဖွဲ့အစည်းမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။
 

Hninzigon Home for The Aged
No.21, Kabaaye Pagoda Road.Yangon, Myanmar. Tel: 59-1-541796, 95-1-541797, 95-1-546196

Gmail : [email protected]

2015 Hninzigon, Home for the Aged. All rights reserved.